ဝင်သက် ထွက်သက် သံသရာဆက်ခြင်း၏ တစ်ခဏတာ

အသက်ရှင်းခြင်းဆိုတာ ၀င်သက် ထွက်သက် ဆက်ခြင်းတစ်ခုမျှသာဖြစ်ပါတယ်။ ရိုးရိုးတွေးရင်တော့ ရိုးရိုးလေးပါပဲ။ ဒီလိုနဲ့ တစ်နေ့တာ ဆိုတဲ့ပညတ်ကုန်ဆုံး ဘ၀တုန်းရမှာပဲလေ။ 

ဘ၀ဆိုတာ မျှော်လင့်ခြင်းနဲ့အသက်ရှင်ရတာလို့ ကျွှန်တော့်သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။ ကျွန်တော်ကိုယ့်ကိုယ်ကို ရိုးရိုးလေး ပြန်မေးလိုက်တယ်။ ငါ့မှာကော ဘာမျှော်လင့်ခြင်း တွေရှိလဲလို့။ စာမကျန်လာလို့ ဒါမှမဟုတ် ကျောင်းခိုးပြေးလို့ အမေးခံရတဲ့ တပည့်ငယ်ပမာ ဖြေစရာစကား နတ္ထိဖြစ်ရပါတယ်။ 

ဘ၀ ဆိုတဲ့စက်ရုံကြီးက လည်ပတ်နေပါတယ်။ ဒါပေမယ့် မပျှော်မွေ့ဘူး။ အပြင်မှာတော့ ညနေဆည်းဆာလည်း လှပနေဆဲဖြစ်မှာပါ။ ညမဟူရာလည်း ရောင်ခြည်မသန်းခင် ဆက်မှောင်နေမှာပါ။ ကြယ်စင်တွေက အလှဆင်ပေးဖို့လည်း မေ့မယ် မထင်ဘူး။

နွေဦးရဲ့ ဘာသာစကားကို မက်မွန်ပန်းတွေသိတယ် (မင်းခိုက်စိုးစံ)

ဒါဆို ကျွှန်တော့်ရဲ့ ဘာသာစကားကို ကျွန်တော်သိရဲ့လား။ အခြား အသက်ရှုနေတဲ့ လူပေါင်းများစွာလိုပဲ ကျွန်တော်ကိုယ့်ကိုယ်ကို ပြန်ကြည့်မရဲသေးဘူး။ မေ့ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ 

ခရစ်နှစ် ၂၀၁၂ ရဲ့ တစ်စိတ်ကုန်တော့မယ်။ ကျန်ခဲ့တဲ့နှစ်တွေလိုပဲ ကျွန်တော် ………………….

About these ads

About Htaik Seng

Just a tiny person who is trying to kindling his tiny little hope and finding his lost soul in urban city of Rangon. Hope I will dare to dream one day.

One response to “၀င်သက် ထွက်သက် သံသရာဆက်ခြင်း၏ တစ်ခဏတာ

  1. အတွေးလေးကအရမ်းကောင်းပါတယ်ခင်ဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

htaikseng’s emotional life business blog

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other followers

Follow

Get every new post delivered to your Inbox.

Join 194 other followers

%d bloggers like this: