စိတ်အာရုံကားချပ်ရဲ့ အနက်ရှိုင်းဆုံးထောင့်က လက်ကျန်ပုံရိပ်လေး

ဒီလိုပဲမိုးတွေသည်းသည်းတတ်တဲ့ ငါရန်ကုန်ရောက်စ ရက်မှာ နင်နဲ့ငါ မမျှော်လင့်ဘဲ ခင်မင်ခွင့်ရခဲ့တယ်။ အပေါင်းဖော်မဲ့တဲ့ ခင်မင်သူမရှိတဲ့ငါ့မှာ နင်ဟာ ပထမဆုံးငါ့ရဲ့အဖော်ဖြစ်ခဲ့တယ်။ ကျောင်းစာတွေကိုနင်ကြောင့်ပဲ ငါဆက်လုပ်ဖို့ ဆန္ဒဆိုတာရှိခဲ့တယ်။ ရန်ကုန်မြို့ကြီးအကြောင်းနားလည်အောင် နင်ပဲကူညီခဲ့တယ်။ နင်နဲ့အတူ ဟိုပြောဒီပြော ပြောရတာတွေဟာ မြို့တော်ကြီးကို ရောက်ခါစ ငါ့အတွက်တော့ အိုအေစစ်လေးပါပဲ။

မိုးတိတ်ခါစ ဟိုတုန်းကအင်းယားကန်စောင်းရဲ့ အလှနေခြည်ဖြာတဲ့ညနေခင်းတွေမှာ အတူတူ  မြက်ခင်းပြင်ပေါ် ဖိနပ်မပါ ခြေဗလာနဲ့ နူးညံ့တဲ့မိုးစွတ်စ မြေကမ္ဘာရဲ့အထိတွေ့ ကြည်နူးမွေ့ခဲ့ကြတယ်လေ။ နင်တော့ မှတ်မိချင်မှမှတ်မိတော့မှာပါလေ။ နင်နဲ့အတူ သွားခဲ့ဖူးတဲ့ကော်ဖီဆိုင်တွေဟာ ခုတော့ ငါ့အတွက် ပြန်ဆွေးရမယ့်နေရာတွေပဲ။ ငါနင့်ကို အကောင်းဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ခင်ခဲ့တယ်။ ငါ့နင့်ကို ချစ်မိသွားပြီလို့ သိတဲ့အချိန်ထိပေါ့။

နင်နဲ့ အခင်ဆုံးသူငယ်ချင်းတွေအနေနဲ့ လွမ်းလွမ်းပြီး စာလွှာရေးခဲ့ကြတယ်လေ။ နင့်ဆီက စာရတဲ့နေ့တွေဆို ငါပျော်လို့မဆုံးခဲ့။ ငါ့ရဲ့အေးစက်တွေ ရှမ်းပြည်ကညတွေဟာ နင်ဆီစာရေးရင်းနဲ့ပဲ ငါနွေးထွေးခဲ့တယ်။ ရင်ထဲမှာ ငါပျော်တာပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေအပါ ကြုံရတဲ့ဟာသတွေလည်း မကျန်ရအောင်နင့်ဆီ ငါနှလုံးသွေးတဲ့ စာတွေစီကာ ရေးခဲ့ဖူးတာလည်း ခုတော့ငါ့အတွက် အိမ်မက်ပမာ…။

ဆယ်တန်းအောင်စားရင်းထွက်ပြီးခါစ အမှတ်မကောင်းလို့ စိတ်ဓါတ်ကျနေတဲ့ငါ့ဆီ၊ ငါတက္ကသိုလ်တက်ဖို့ မဖြစ်နိုင်တဲ့ ငါ့ရဲ့စိတ်ဓါတ်ကျမှုတွေကို မြင့်တင်ဖို့ ပြန်လာတဲ့နင့်ဆီက စာတစ်စောင်မှာ နင်နဲ့ငါ ဘာပဲဖြစ်ဖြစ် ဘ၀ကြီးကိုရင်ဆိုင်သွားကြမယ်ဆိုတာပြီး နင်ငါစိတ်ချမ်းသာအောင်း သူငယ်ချင်းကောင်းပီပီ အားပေးခဲ့တာလေ။

ဒီလိုနဲ့နင် တက်ရမယ့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုကို နင်စတက်ရတဲ့အချိန်မှာ နင်နဲ့အတူ ငါပီတိတွေဖျာခဲ့တယ်။ နင့်ရဲ့ကျောင်းအပ်ရာက အစ ပထမဆုံးစတက်တဲ့နေ့က အလွဲတွေအပါ နင်ကြုံရသမျှ နင့်စာနဲ့ ဖုန်းထဲက ဝေမျှခံစားခဲ့ကြတယ်လေ။

အဲလိုနဲ့ ဖုန်းပြောတဲ့တစ်ည တစ်ဒုတ်ဒုတ်မြည်နေတဲ့ ငါ့ရဲ့ဟောဒီရင်ဘတ်ကနေ မရဲတစ်ရဲ “နင့်ကိုငါချစ်တယ်”လို့ ရင်းနှီးတဲ့ငါ့တို့ သူငယ်ချင်း သံယောဇဉ်ကို အခွင့်ကောင်းယူလို့ ငါနင့်ကို ချစ်တဲ့အကြောင်းတွေ စကားဖောင်မဖွဲ့ဘဲ ငါချစ်ချင်းဆိုခဲ့တယ်။

နင့်ဆီက “ ချစ်တယ်” လို့ အဖြေရတဲ့ အဲဒီ မေလ တစ်ရက်နေ့မှာ ငါနတ်ပြည်ကိုရောက်သလိုခံစားရတယ်။ အဲဒီနေ့က ထူးခြားစွာ မိုးသီးတွေကျွေမကျခဲ့ပါဘူး။ နေဆယ်စင်းလည်း မသာခဲ့ဘူး။ ငါတို့ရှမ်းပြည်က ချယ်ရီတွေလည်း ၀ုန်းကနဲထမပွင့်ပါဘူး။ ဒါပေမယ့် ငါ့နှလုံးသားမှာတော့ အချစ်သစ်ပင်လေးတစ်ပင် အညှောင့်ထွက်တဲ့နေ့ပေါ့ချစ်သူရယ်။ နင့်ဆီက ချစ်တယ်ဆိုတဲ့အဖြေရတဲ့နေ့လေးမှာ ငါနင့်နားမှာ ရှိမနေနိုင်ခဲ့ဘူး။ အဲဒီအတွက် ငါလွမ်းရကောင်းမှန်းမသိခဲ့ရိုးအမှန်ပါ။

သူငယ်ချင်းဆိုတဲ့ဆိုင်းဘုတ်လေးမှာ ချစ်သူလို့ကမ္ဗည်းထိုးတာတဲ့ စာတန်းလေးပြောင်းတယ်လိုက်တဲ့နောက် နင်နဲ့ဖုန်းကတစ်ဆင့် စကားပြောရတဲ့ည၊ စာရေးရင်ဖွင့်ရတဲ့ငါ့ရဲ့ အေးလှတဲ့ အေးစက်စက် အဲဒီညတွေမှာ ပန်းပေါင်းစုံဖူးတဲ့ နွေဦးလေးပမာ ငါပျော်မဆုံး ကြည်နူးမဆုံး…။ နင်နဲ့ရည်းစားဖြစ်ပြီး တော်တော်ကြာတဲ့ ရက်လတွေထိ ငါနင်နဲ့လူချင်းမတွေ့ခဲ့ရဘူး။ ဘယ်လောက်ဝေးဝေးနှလုံးသားချင်းနှီးဖို့အဓိကဆိုတဲ့နင့် အပြောတွေဟာ ငါ့ကို အထီးကျန်မှုက ကင်းလွတ်စေခဲ့တယ်။

About Htaik Seng

A tiny person trying to kindling little hope and finding lost soul. Hope I will dare to dream one day.

One response to “စိတ်အာရုံကားချပ်ရဲ့ အနက်ရှိုင်းဆုံးထောင့်က လက်ကျန်ပုံရိပ်လေး

  1. zayarshan

    SSSSSSSSSSSSSSSOOOOOOOOOOOOOOOOOO Romance and Love

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

htaikseng’s emotional life business blog

Error: Twitter did not respond. Please wait a few minutes and refresh this page.

Htaik Seng’s Emotional Life Business

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other followers

%d bloggers like this: