ကာယသို့ တစ်ခေါက် ရောက်ခဲ့ပြန်တယ်

၁၄ နိုဝင်ဘာလ ၂၀၀၉။

နေမင်းကြီးထွန်းလင်းစ မနက်ခင်းမှာ ၄၃ အထူးကားကြီးနဲ့အတူ ကျွန်တော် ကာယရွာကိုရောက်ခဲ့တယ်။ ရွာဆိုပေမယ့် ရွာတော့မဟုတ်ပါဘူး။ ရပ်ကွက်လေးတစ်ခုပါ။ ဒါပေမယ့် ဒေသခံတွေက အဲလိုပဲပြောကြတယ် ရွာလို့။ နေရာကတော့ မင်္ဂလာဒုံ၊ သင်္ကန်းကျွန်းကျေးရွာအုပ်စုထဲက ကာယအပိုင်းလေးပါ။ အဲဒီမှာ KDF ဆိုတဲ့ Multi Purpose စင်တာကြီးရှိတယ်လေ။

 

From Karya Village, Mingalardon (14 NOV 09)

ဒီပုံလေးကတော့ နေရောင်ဖြာထွက်စ မနက်ခင်းလေးမှာ ၀ိရိယကောင်းစွာ မြို့ထဲကနေ ဖုန်ထထလမ်းပေါ်တက်ကြွစွာလှမ်းလာတဲ့ ဆရာမ ဒေါ်နန္ဒမောင်နဲ့ ဆရာမဒေါ်သဲသဲတို့ပဲဖြစ်ပါတယ်။ သူတို့လေးတွေဟာ သူတို့ သံယောဇဉ်ရှိတဲ့ကလေးတွေ အနာဂတ်သာယာဖို့အရေး လုပ်အားပေးဖို့ ချီတက်နေတာဖြစ်ပါတယ်။
ဆရာမလေးကို ဒီလိုမြန်မာလို ကျက်သရေရှိရှိမြင်ရတာဟာ မင်္ဂလာတစ်ပါးပါပဲ။ သူတို့လေးတွေ ကလေးတွေရဲ့ဥာဏရည်သွေးတက်ဖို့နဲ့ စိတ်ပို်င်းဆိုင်ရာ ကျန်းမာဖို့ အတူကစား၊ စာဖတ်ပြ၊ ပုံအတူဆွဲကြပါတယ်။

From Karya Village, Mingalardon (14 NOV 09)

“ဟိုးရှေးရှေးတုန်းကပေါ့ကွယ်….. ခွေးမိသားစုလေးတစ်စုရှိတယ်ကွယ့် … သူတို့မှာ ကလေးပေါင်း……..” ဆိုတဲ့ ဆရာမရဲ့ ချိုသာတဲ့အသံဟာ သူတို့လေးတွေရဲ့စိတ်မျက်စိမှာ ပုံပြင်လေးဟာ ရုပ်မြင်ကားချပ်တစ်ခု ပမာ ဆေးရောင်ကျနလှပစွာ ဖြစ်နေပါလိမ့်မယ်။
ပြီးနောက် သူတို့လေးတွေရဲ့ အနုပညာဖန်တီးမှုကိုလည်း စိတ်ဝင်စားဖွယ် ဒီလိုတွေ့ရပါတယ်။

From Karya Village, Mingalardon (14 NOV 09)
From Karya Village, Mingalardon (14 NOV 09)
From Karya Village, Mingalardon (14 NOV 09)

လှုပ်ရှားမှကျန်းမာ ကိုယ်စိတ်နှလုံးချမ်းသာ ဆိုသလိုပဲ သူတို့လေးတွေရဲ့ တက်ကြွမှု၊ ပျော်ရွင်မှုကို….

From Karya Village, Mingalardon (14 NOV 09)

ဒါကတော့ KDF ရဲ့ စာကြည့်တိုက်၊ အခမဲ့ဆေးပေးခန်းနဲ့ ကွန်ပြူတာ၊ အင်္ဂလိပ်စာသင်တန်းရှိရာ ကွန်းခိုရိပ်လေးပဲဖြစ်ပါတယ်။ ဒီနေ့တော့ ပုံတွေပဲ ဦးစားပေးတင်လိုက်ပါတယ်။ စာရိုက်ရမှာပျင်းနေလို့ပါ။
ညနေ နှစ်နာရီလောက်မှာ ကာယကနေ ကားကြီးစီးလို့ ရွင်လန်းစွာ စကားလင်္ကာဖွဲ့ဆိုကြရင်း ပြန်လာကြပါတယ်။ အဲဒီနေ့က လိုက်လာကြတဲ့ ဆရာမ ဒေါ်နန္ဒမောင်၊ ဒေါ်သဲသဲ၊ ဆရာ ချစ်ရန်တိုး၊ ဆရာ ရန်၊ ဆရာ Andrew နဲ့ စကားမပြောတဲ့ ဆရာလေးနဲ့ သူ့အကို၊ ဆေးကုသပေးတဲ့ ဆရာမ မထက်ထက်တို့အဖွဲ့တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။ ပျော်ရွင်နေတဲ့ ကလေးတွေပုံရိပ်ဟာ စိတ်မျက်စိမှာ ထင်းကနဲ ပေါ်ပေါ်လို့လာပါတော့တယ်…..။ ။

About Htaik Seng

A tiny person trying to kindling little hope and finding lost soul. Hope I will dare to dream one day.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

htaikseng’s emotional life business blog

Htaik Seng’s Emotional Life Business

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other followers

%d bloggers like this: