ဘ၀အိုအေစစ်

တစ်ည ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်ငြင်းကြတယ်။ သူစာတွေဖတ်လို့ ကျောင်းတွေတက်လို့ သိတာတွေများလို့ စိတ်နှလုံးပင်ပန်းနေရကြောင်း ပြောပါတယ်။ ကျွန်တော်က လည်းလျှာရှည်တတ်တဲ့ ၀သီအတိုင်း သူ့ကို ၀ရံတာကနေ အောက်မှာ ရေသန့်တွန်းနေတဲ့ လူတွေကို ပြပြီး သူတို့လိုတော့နင်မပင်ပန်းရဘူးလေလို့ ပြောမိတယ်။ သူပြန်ပြောတယ်။ သူတို့တွေက ဒီစာတွေလည်းဖတ်စရာမလိုဘူး။ ဒီဟာကိုလည်း စဉ်းစားစရာမလိုဘူး ဘာညာ ဆက်ပြောပါတယ်။
ညကျတော့ ကျွန်တော် သူပြောတာလေးကို စဉ်းစားကြည့်တယ်။ တစ်ကယ်ပဲ ငါတို့တွေ ဘာမှ မတတ်ရင်ကောင်းသလားပေါ့။ အဲလိုဆိုရင် လိုဘတွေများနည်းမလားပေါ့။ အတွေးမပေါက်ပါဘူး။ ဘ၀ ဆိုတာ ဘာလဲပေါ့။ အဲလိုနဲ့ ၀ရံတာထွက်လိုက်တယ်။ မီးမိန်မိန်အောက်က လောကမှာ အနားယူနေတဲ့ ဆိုက်ကားသမားနှစ်ယောက် ကိုဓါတ်ပုံရိုက်ပြီး ခုစာဖတ်သူတို့ စဉ်းစားခန်းဝင်နိုင်အောင်တင်ပြထားပါတယ်။

ဆရာလို့အခေါ်ခံရတဲ့ဘ၀ဂုဏ်ကို ပိုင်ဆိုင်တဲ့ ဒီဆိုက်ကားဆရာကတော့ လောကမှာ (သူ့မှာ) ပူပင်စရာမဲ့နေတဲ့အလား အိပ်မောကျလို့နေပါတယ်။ အိစက်ညက်ညောတဲ့ဖဲမွေ့ယာထက်မှာ မဟုတ်ပေမဲ့လည်း သူ အိမ်မက်လှလှမက်နေမှာပါ။ အိမ်က သားမယားကိစ္စကို စိတ်ပူစရာပေမယ့် မတတ်နိုင်တဲ့ကိစ္စစိတ်ထဲသယ်မထားလို့ထင်ပ သူ့ဘ၀ညလေးကလှနေတယ်ထင်ရတယ်။ သူ့ပစ္စုပ္ပန်တည့်တည့်မှာနေနေတယ်လေ။

တစ်နေ့တာလုံးဆိုက်ကားနကိင်းလို့ ပင်ပန်းနေပေမယ့် ညမှာလည်း ၀မ်းရေးအတွက် အဆင်သင့်ငှားမည့်သူကို စောင့်နေရတဲ့ ကိုလှတစ်ယောက်တော့ ကာတွန်းစာအုပ်လေးနဲ့ လက်တွေ့ဘ၀က ခဏခွာလို့ သူ့ကိုသူမင်းသားနေရာမှာအစားထိုး ကောင်မလေးချောချောနောက်ကို လိုက်ပိုးနေတယ်။ ဒါဟာ သူ့ဘ၀အမောဖြေရာ အိုအေစစ်လေးလိုပင်။
ကျွန်တော်တို့ဘ၀ကကော …

About Htaik Seng

A tiny person trying to kindling little hope and finding lost soul. Hope I will dare to dream one day.

One response to “ဘ၀အိုအေစစ်

  1. Shwe@Pollen

    ငါတို့တွေခဏခဏပြောကြတဲ့ ပုံပြင်လေးပါဘဲ။ ငါအရမ်းကြိုက်တဲ. ပုံပြင်လဲဖြစ်တယ်။ ငါးဖမ်းသမားနဲ. သူဌေးကြီးပုံပြင်လေ။ ငါဒီညအိပ်ရပါ့မလားတောင်မသိဘူး။ မနက်ဖြန် CEDN သွားရမယ်။ ဘာသွားလုပ်မှာလဲ။ ပညာရှိများစကားကြားချင်တယ်လေ။ ဗဟုသုတတွေထပ်ရချင်တယ်လေ။ ငါလေ့လာသင်ယူနေရတာတွေနဲ့ ဆိုင်နေတယ်လေ။ ငါစိတ်ဝင်စားမိနေတယ်လေ။ သူများပြေသမျှဘဲ အကုန်ထိုင်နားထောင်နေရမလား။ ငါ့အတွေးအမြင်တွေကိုရော ဖော်ပြလို့မရဘူးလား။ ငါလည်းပါဝင်ဆွေးနွေးချင်ပါတယ်။ ဒီအတိုင်းတော့ မရရေးချမရ။ ဘာလုပ်ရမလဲ၊ ဖတ်ပေတော့ ဖတ်ပေတော့၊ organizer ပို့ထားသမျှ တပုံတခေါင်းကို ဖတ်ပေတော့။ PCBမှာလည်း presentation လုပ်ဖို့ရှိတယ်။ အရေးထဲမှ ဆရာတွေအမှားကြောင့် ငါလုပ်ရမယ့်ရက်က ရှေ့ကိုနှစ်ရက်ပိုစောသွားတယ်။ မနက်ဖြန်အဆင်သင့်ဖြစ်ရမယ်။ လုပ်ပေတော. အချက်အလက်တွေရှာ၊ “Deforestation” တဲ့၊ Myanmar & Amazon(in Brazil) ကိုနှိုင်းယှဉ်ပါတဲ့၊ statistic တွေပါရင်ပိုကောင်းမယ်။ situation, problem and possible solution တွေကမဖြစ်မနေပါရမယ်၊ ဓာတ်ပုံကောင်းကောင်းတွေဘဲ သုံးချင်တယ်။ လုပ်လိုက်စမ်းပါ အကောင်းစားslide show လေးတစ်ခု၊ အချိန်မရှိရင် မအိပ်နဲ့ပေါ့၊ အဲဒါတွေမလုပ်ရင် ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ပါဘူး၊ ဒါတွေလုပ်တော့ရော ကမ္ဘာကြီးဘယ်လောက် ငါ့ကြောင့်ပြောင်းလဲသွားလဲ၊ ဝေးပါသေးတယ်။ ငါးဖမ်းသမားနဲ. သူဌေးကြီးရဲ့ လိုရာကအတူတူပါဘဲ၊၊ ခက်နေတာကဘာလဲ၊ လူရဲ့အတ္တဘဲဖြစ်လိမ့်မယ်၊ လုပ်စရာတွေကလည်း များလိုက်တာ၊ APSC အတွက်လည်းအဆင်သင့်မဖြစ်သေးဘူး ၊ lesson plan တွေလည်းဆွဲရအုန်းမယ်၊ လေ့လာစရာတွေလည်းရှိသေးတယ်။ စာအုပ်တွေလည်းဖတ်ရအုန်းမယ်။ ခက်နေတာက ငါရေသန့်မသယ်နိုင်တာဘဲ၊လက်တွေ့ဘ၀က ခဏခွာလို့ မင်းသမီးနေရာမှာအစားမထိုးရရင်နေပါ။ ငါဆိုက်ကားမနင်းနိုင်ပါ၊ ဒါဆိုရင်တော့ အမြင်မှန်ရသင့်ပါပြီ၊ ငါစဉ်းစားမိတာတစ်ခုရှိသေးတယ်၊ အခုနေများ ပိုက်ဆံရှိရင်တော့ ကုလို့ရသေးတဲ့ ဆိုးဆိုးဝါးဝါးရောဂါတစ်ခုနှစ်ယောက်လုံးခံစားရပြီဆိုပါဆို့၊ လူတိုင်းတော့တစ်နေ့သေရမှာပါဘဲ၊ ဒါပေမယ့် ပျော်နေရတဲ့ဘ၀မှာဘယ်သူသေချင်မလဲ။ ဒီလိုအခြေအနေဆို ဘယ်သူပိုစိတ်ဆင်းရဲရမလဲ၊ တစ်ယောက်က အသက်ကိုကောင်းကောင်းဆွဲဆန်.နိုင်အုန်းမယ်၊ တစ်ယောက်ကတော့ သေမင်းကိုအရှုံးပေးပေတော့၊ ဒီနေရာမှလည်း သူကသေဖို့မကြောက်ဘူးဆိုရင် ပြေရခက်သွားပြန်ရော၊ ဘ၀မှာအရေးအကြီးဆုံးဆိုတာ မရှိဘူးနဲ့တူတယ်၊ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် ဘ၀ကိုအရှုံးမပေးဘဲ ပျော်ပျော်နေဖို့တော့လိုပါတယ်၊ ငါတို့တွေ အတွက်လည်း Oasisကျိန်းသေပေါက်ရှိတယ်လို့ ယုံတယ်၊ ကြိုးစားကြစို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

htaikseng’s emotional life business blog

Htaik Seng’s Emotional Life Business

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other followers

%d bloggers like this: