ရွှေဝါ၀င်း တနင်္ဂနွေ ပညာဒါန ဝေမျှအစီစဉ်လေး (၁၅ နိုဝင်ဘာ ၂၀၀၉)

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်ဝအမွှေအပြီးမှာ တောင်ဒဂုံ ၁၀၇ ရပ်ကွက်ကို ရောက်ခဲ့တယ်။ အခေါက်ခေါက်အခါခါသွားတာပေါ့လေ။ ဘာတွေများ လုပ်အားပေးလို့ရလဲဆိုပြီး။ နောက်တော့ ရွှေဝါ၀င်းကဆရာတော်ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ စီအက်အိုင်အဖွဲ့လေးက လူငယ်တွေစုပြီး တနင်္ဂနွေစာသင်တန်းဖွင့်ဖို့ စီစဉ်ကြပါတယ်။ အတွေ့အကြုံနုနယ်တဲ့ လူမမယ်လေးတွေပီပီ စီစဉ်ရင်းမှာတင် သင်ခန်းစာတွေအများကြီးရလိုက်ပါတယ်။ ကိုယ့်ထက်အတွေ့ကြုံရှိတဲ့ လူကြီးတွေ၊ ဆရာမတွေ ကို မေးရ၊ မြန်းရ အကြံတောင်းကြတယ်။ သင်မယ့် စာအုပ်တွေရွေးတယ်။ ကျောင်းသားလက်ခံမယ့်ကိစ္စတွေစီစဉ်တယ်။

အဲလိုနဲ့ စာသင်တဲ့အချိန်လည်းရောက်ကော ထိုက်ဆိုင်တို့ လုံးလုံးကို မရောက်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ စာသင်သက်တမ်းပထမအကြိမ် (၃ လ) ကုန်သွားရော။ ဒုတိယ စာသင်သက်တမ်းမှာလည်း လူငယ်လုပ်အားပေးအဖွဲ့တွေ တက်တက်ကြွကြွနဲ့ လုပ်အားပေးကြတယ်။ အဲ ဒီတစ်ခေါက်တော့ ဆရာမ နှင်းဝင့်နိုင်ကျေးဇူးကြောင့် လူငယ်တွေ ဗြိတိသျှလို စကားရည်ပြိုင်ပွဲမှာ (ပညာတတ်ယောင်ဆောင်ပြီး) ဒိုင်အဖြစ်ကြွရောက်ချီးမြင့်ပေးခဲ့ရတယ်ပေါ့။

တတိယသက်တမ်းမှာတော့ တောင်ဒဂုံကလူငယ်တွေပဲ ဆက်ပြီးလုပ်အားပေးဆရာအနေနဲ့ ကျောင်းသားငယ်တွေကို ပညာရည်နို့တိုက်ကျွေးခဲ့ပါတယ်။ တတိယသက်တမ်းနောက်ဆုံးနေ့မှာတော့ ကံကောင်းလှစွာပဲ တောင်ဒဂုံကိုရောက်ခဲ့ရပြန်ပါတယ်။ ကြည်နူးပျော်စရာနေ့တစ်နေ့ပေါ့လေ။ သူငယ်ချင်းတွေစုပြီး ကလေးတွေနဲ့ ပန်းချီဆွဲပြီး ကိုယ့်ပုံလေးရဲ့အဓိပ္ပာယ်ကို ဝေမျှတယ်။ ဘ၀တက်ကျ နှိမ့်မြင့်တာတွေ၊ လူတစ်ယောက်ရဲ့ ဘယ်လိုပဲဖြစ်ဖြစ်တန်ဖိုးရှိနိုင်သေးတာတွေကို ဝေမျှခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ဒေါက်တာ သာလှကလည်း ကလေးတွေကို ကျန်းမာပျော်ရွင်ဖို့ ကစားနည်းတွေနဲ့အတူ သန့်ရှင်းစွာနေနည်းကို လက်တွေ့ရှင်းပြ အတူလုပ်ကြပါတယ်။ ပြီးတော့ ကလေးတွေက ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်နဲ့ သူတို့ဆရာ၊ ဆရာမတွေကို အော်တို ထိုးခိုင်းပါတယ်။ ဆယ်လီဗာတီကြီးတွေလိုပေါ့နော့။

မပြန်ခင်လေးမှာ အားလုံးဝိုင်းထိုင်ပြီး တွေ့ကြုံခံစားသမျှ ဒီနေ့အ၀ ဆိုတဲ့ခေါင်းစဉ်အောက်ကနေဆွေးနွေးကြပါတယ်။ အားလုံးပြုံးပျော်နေကြပါတယ်။ ထိုက်ဆိုင် ထမင်းမကျွေးလို့ စာနေတာကလွှဲရင်ပေါ့လေ။ ဆရာတွေက မိမိတပည့်တွေ ဆရာအနေနဲ့ပြန်ပြီး ကူညီနေတာတွေ့တော့ ပျော်တယ်ပေါ့လေ။ ကျွန်တော်လည်း အားကျမခံ အဲဒီ ဆရာသစ်လေးတွေကို စိန်ခေါ်လိုက်ပါတယ်။ ညီလေးတို့၊ ညီမလေးတို့ (၄) ကြိမ်မမြောက်သင်ကြားချင်းကို အောင်မြင်အောင် လုပ်နိုင်အောင်ပေါ့လေ။

ပြီးတော့ ထုံးစံအတိုင်း ထိုက်ဆိုင်တို့က စည်းဝိုင်းလိုထိုင်နေတဲ့လူအုပ်ကို မျက်စိမှိတ်ပြီး ကိုယ့်ဘ၀ရဲ့အပျော်ဆုံးအချိန်လေးတွေကို စဉ်းစားခိုင်းပါတယ်။ သူတို့လေးတွေ မျက်လုံးမှိတ်နေတဲ့အချိန်မှာ ဒေါက်တာသာလှနဲ့ ထိုက်ဆိုင်က လူတိုင်းရှေ့ကို စာရွက်ဖြူလေးနဲ့ ရောင်စုံခဲတံလေးတွေချပေးထားလိုက်တယ်။ သူတို့တွေ မျက်လုံးအဖွင့်မှာ ချက်ခြင်းကိုယ့်ရဲ့အလှပဆုံးချိန်လေးကို ပုံရိပ်ဖော်နိုင်အောင်ပေါ့လေ။ ပြီးတော့ အချို့က သူတို့ရဲ့ အပျော်ဆုံးအချိန်လေးတွေကို ဝေမျှပါတယ်။ အားလုံးကို အပျော်တွေကူးစက်သွားအောင်လေ။

ကဲ သူတို့လေးတွေ ကလေးတွေ လူငယ်တွေကို ဘယ်လိုထပ်ပြီး ပညာရည်သွေးတက်အောင် လုပ်ပေးကြမလဲဆိုတာ စောင့်မျှော်ကြပါစို့လား။ သူတို့လေးတွေ သင်ကြားရေးမှာလိုအပ်တာလေးတွေကို ကူညီချင်တယ်ဆိုရင်တော့ အထူးကြိုဆိုနေပါတယ်။

ပညာပင်ပျိုး၊ ပညာမိုးဆွေလို့ ပညာပန်းတွေပွင့်လန်းလာစေသား

About Htaik Seng

A tiny person trying to kindling little hope and finding lost soul. Hope I will dare to dream one day.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

htaikseng’s emotional life business blog

Error: Twitter did not respond. Please wait a few minutes and refresh this page.

Htaik Seng’s Emotional Life Business

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other followers

%d bloggers like this: