ခရီးတစ်ခု ဒါမှမဟုတ် နှလုံးသားနယ်မြေချဲ့ထွင်ခြင်း

ဒီခရီးကို စဉ်းစားထားတာကြာပါပြီ။ တစ်ကယ်သွားမယ်ဆိုတော့လည်း ကိုယ်ဆွေးနွေးမယ့် ဘာသာစကားအတွက် စိုးရိမ်စိတ်လေးဖြစ်မိပါတယ်။ ခုတော့ ရက်လည်း သတ်မှတ်ပြီးပြီ။ လေယာဉ်လက်မှတ်လည်း လက်ထဲမှာ..။ ပြည်ဝင်ခွင့်လည်းရခဲ့ပြီမို့ ခရီးထွက်နိုင်ရန် မပြီးပြတ်သေးသော လုပ်စရာရှိသည်များကို တွန်းထိုးလုပ်ချင်ယောက်ဆောင်ကာ အပြီးသတ်ခဲ့တယ်။ ပို့စရာရှိတဲ့ လျှပ်စစ်ချောစာတစ်ချို့ကိုလည်း ခလုပ်လေးနှိပ်ပြီး ပို့ခဲ့ပြီ။

ခရီးထွက်မယ့်နေ့တော့ မနက်စာရှာစားလိုက်ရတာကလွဲလို့ အားလုံးချောချောမောမောပါပဲ။ မြန်မာပြည်ရဲ့ လေယဉ်ကောင်တာမှာ ၀န်ထမ်းအလုပ်သင်လေးကို စီနီယာမမက မိမိလေယာဉ်လက်မှတ်နဲ့ ပလက်တီကယ်ဆင်းနေတာကို သည်းခံ (သည်းခံ) စောင့်ရင်း လ၀ကမှာလည်း အဆင်ပြေခဲ့တယ်။ ကော်ဖီမသောက်ခဲ့ရလို့ ဈေးကြီးမယ်မှန်းသိရက်နဲ့ လေဆပိအပေါ်ထပ်က ကော်ဖီဆိုင်မှာ ဈေးကြီးပြီး ၀န်ဆောင်မှုဆိုတာ သင်ယူဖို့လိုနေတဲ့ ၀န်ထမ်းတွေရှိတဲ့ဆိုင်မှာ ၃၅၀၀ ကျပ်တန် ခပ်ကောင်းကောင်းကော်ဖီစေ့သုံးပြီး ခပ်ညံ့ညံ့ဖျော်ထားတာကို သောက်ခဲ့ရတယ်။

အဲလိုနဲ့ မြန်မာနိုင်ငံမြို့တော်ဟောင်း ရန်ကုန်မြို့ကနေပြီး သုဝဏ္ဏဘူမိလေဆိပ်ကိုရောက်ခဲ့တယ်။ ထိုင်းရဲ့ ပြည်တွင်းလေယာဉ်ကို ပထမဆုံးစစီးမှာမို့ ဘာမှသိမထားဘူး။ စမ်းတ၀ါးဝါးနဲ့ ရှာလိုက်တော့ တွေ့လိုက်ရတယ်။ ဟိုတစ်ခါ ချင်းမိုင်က လ၀ကတွေထက်တော့ ချိုသာယဉ်ကျေးတာကိုတွေ့လိုက်ရတယ်။ တစ်ခွန်းတစ်စ သူ့အမေးကို ထိုင်းလိုပြန်ပြောတော့ မျက်နှာမော့ကြည့်ပြီး ပြုံးတယ်။ ပြီးတော့ ထိုင်းလိုဆက်ပြောတယ်… ထုံးစံအတိုင်း ထိုက်ဆိုင်တို့ နားလည်ချင်ယောက်ဆောင်လိုက်တယ်။

လ၀ကကိုအဖြတ် ဗိုက်ကဆာနေပြီမို့ စားဖို့ဝါးဖို့ရှာတယ်။ အဲလိုရှာနေရင်းနဲ့ Bankgok Airways ရဲ့ ခရီးတိုင်းအတွက် လုပ်ပေးထားတဲ့ အခန်းကြီးကိုတွေ့ရော ……….. အခမဲ့အင်တာနက်နဲ့ အစားသောက်.. ၀မ်းသာသွားတယ်။ လေဆိပ်က၀ါးတီးတွေက ဈေးကြီးတယ်လေ။ ပါလာတဲ့ လေယာဉ်တက်ခွင့်လေးကို စကင်နာလေးနဲဖတ်ပြီး အထဲဝင်လိုက်တယ်။ ပထမဆုံးတစ်ချီ အစားအသောက်ယူပြီး Apple MSI netbook လေးဖွင့် သူတို့ wifi ကိုချိတ်……..။ ထုံးစံအတိုင်း ကိုယ်တော်ချော နတ်ဘုတ်လေးက ပြဿနာရှာတော့ ဒိုင်ဂနိုးစစ်တွေလုပ်ပြီးမှ သုံးလို့ရသွားတယ်။ အီးမေးလေးကို ဆွဲချနေတုန်း နောက်တစ်ချီ ဟိုစစ ဒီစစမုန့်နဲ့ ကော်ဖီထပ်ယူလိုက်တယ်။ အီးမေးလေးကို ပြန်ကြားစရာရှိတာပြန်ကြားပြီးသကာလ မျက်နှာစာအုပ်ကြီးကို သံတော်ဦးတင်သတင်းပို့လိုက်ပါသေးတယ်။

ချင်းမိုင်လေဆိပ်မှာ ပစ္စည်းစောင့်ရတာကြာတာကလွဲပြီး တည်းခိုမယ့် တည်းခိုခန်းငယ်လေးကို ချောချောမောမောပဲရောက်ပါတယ်။ ရာသီဥတုက မဟားတယားပူတာကလွဲလို့ပေါ့။ အခန်းထဲဝင် ပစ္စည်းလေးထား တစ်ရေးလေးမှေးပြီး အပြင်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။ လမ်းမှားပြန်ပါတယ်။ လမ်းမေးပေမယ့် အဖြေမရ ကျေးဇူးတင်တယ်ပြောပြီး ကိုယ့်လမ်းကို ရှာခဲ့တယ်။ ဈေးချိုတဲ့ လမ်းဘေးက ထိုင်းစာတွေကို မတောက်တစ်ခေါက်ထိုင်းစကားနဲ့ စားခဲ့ရတယ်။ သူတို့ရဲ့ များမြောင်လှတဲ့ 7-11 ဆိုင်ကနေ စိန်ခေါ်မူများစွာကြုံရမယ့် ဖုန်းကဒ်တစ်ကဒ်ဝယ်လိုက်ပါတယ်။

မျှော်လင့်ကြီးစွာနဲ့ ကြိုးစားသော်လည်း မိမိ၏ မသုံးဖူးမှု၊ ဗြိသိသျှလို အညွန်းမပါမှုကြောင့် စိတ်ပင်ပန်းခဲ့ရပါတယ်။ အမျိုးမျိုးကြိုးစားပြီးမှ ရန်ဖြစ်မတတ် call center မှလူများစွာနှင့် ရင်ဆိုင်ပြီးမှ ဖုန်းလေးဆက်လို့ရပါတယ်။ အင်တာနက်သုံးဖို့ဆိုပြီး နာရီ ၃၀ ဘတ် ၉၉ တန်ပလင်းကြီးကို ယူထားပေမယ့် ကိုရွေ Huawei S8600 ရဲ့ ပေါက်ဖော်ကြီးများအစွမ်းကြောင့် ရတစ်ချက် မရတစ်ချက်နဲ့ ကျေနပ်နေရပါတယ်။ ဖုန်းကဒ်ဝယ်ခ ၆၉ ဘတ်၊ ငွေသွင်းခ ၂၀၀ ဘတ် = မတန်သလိုလိုပဲ။

အဲလိုနဲ့ ခြေတိုအောင်လျှောက်ပြီး တည်းခိုခန်းပြန် မျက်နှာစာအုပ်ကို သံတော်ဦးတင်းပြီး ထိုင်း အိပ်ရာဝင်ခဲ့ပါတယ်။ နောက်တစ်ရက်လင်းတော့ ရေတံခွန်ဆိုတဲ့နေရာသွားလည်ပါတယ်။ အင်း သူတို့ရေတံခွန်ပေါ့လေ ဟုသာသြချလိုက်တယ်။ အပေါ်တက်ကြည့်တော့ သူတို့တွေများ တိုးရစ်တွေလာအောင် လုပ်တတ်လိုက်တာ။ မီးခိုးမထွက်ပေမယ့် မီးခိုးအူတတ်တဲ့စက်ရုံကြီးကိုသူတို့ ကောင်းကောင်းနားလည်ပါလားပေါ့။ စိတ်ဝင်စားစရာတစ်ခုကိုလည်း သိလိုက်ရတယ်။ သူတို့ဖွံ့ဖြိုးရေး စီမံကိန်းအနေနဲ့ တိုးရစ်စက်ရုံကြီးပိုတိုးတက်ဖို့ဆိုပြီး စိတ်ဝင်စားသူများကို ထိုင်းရိုးရာ အနှိပ်ပညာ၊ ချက်ပြုတ်ပညာစတာတွေကို သင်ပေးတယ်။ အခြေခံပြီးလို့ တကယ်လုပ်ကိုင်သူတွေကို အဆင့်မြင့်သင်တန်း ပြန်တက်ခိုင်းတယ်။ အတုယူစရာလေးတစ်ခုပါလားပေါ့။

ညနေပိုင်းကျတော့ ဂျာမန်ဘာသာစကားသင်တဲ့ ချင်းမိုင်တက္ကသလိုလ်က ကထိကကကားနဲ့လိုက်ပြလို့ သူတို့ချင်းမိုင် တက္ကသိုလ်၊ သူတို့မြို့ဝန်းကျင်ကို ပိုလို့ မြင်တွေ့ခွင့်ရလိုက်ပါတယ်။ သူကလည်းပဲ မြန်မာနိုင်ငံရဲ့ ပွင့်လင်းတိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေကို စိတ်ဝင်တစ်စား မေးမြန်းဆွေးနွေးပါတယ်။သူ့ တွေးခေါ်မျှော်မြင်ပုံတွေကိုလည်း မှတ်သားခဲ့ရပါတယ်။ သူတို့တွေရဲ့ အဆင့်မြင့်ပညာရေး တစ်စွန်းတစ်စ၊ လူနေမှုတစ်စွန်းတစ်စကိုလည်း ဖြတ်ခနဲမြင်တွေ့သိခွင့်ရလိုက်ပါတယ်။

ဒုတိယရက်နေ၀င်ရီတစ်ရောအချိန်မှာ ညဈေးကိုသွားလည်ခဲ့ပါတယ်။ အစကတော့ တည်းခိုခန်းမှာတွေ့တဲ့ ဒန်းစီးနေတဲ့ မြေရုပ်လေးဝယ်ဖို့ပါ။ ခြေသာတို မတွေ့လို့ အရင်ခေါက်တွေ့တဲ့နေရာကပဲ စဉ့်ရုပ်ကလေးတစ်မိသားစု၊ နှစ်မိသားစုလောက်ကို ဖိတ်ခဲ့တယ်။ ပြီးတော့လမ်းလျှောက် ပြန်အိပ်ခဲ့ပါတယ်။

တတိယနေ့မနက်စောစော သွားမယ့်နေရာ မရောက်ဖူးပေမယ့် ရင်းနှီးနေတဲ့နေရာကိုသွားခါနီး မနက်စာစား ကော်ဖီသောက်ကာ ဒီပို့လေးကို ရေးပါတယ်။

ဧပြီလ ၁၉ ရက် ၂၀၁၂ ခုနှစ် မနက် ၁၁း၀၄။
မြောက်ပိုင်းနှင်းဆီမြို့တော် (၀ါ) မြို့သစ် (၀ါ) ချင်းမိုင်

About Htaik Seng

A tiny person trying to kindling little hope and finding lost soul. Hope I will dare to dream one day.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

htaikseng’s emotional life business blog

Error: Twitter did not respond. Please wait a few minutes and refresh this page.

Htaik Seng’s Emotional Life Business

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other followers

%d bloggers like this: